ချစ်ခင်ရတဲ့ Customer များ မင်္ဂလာပါ ...
ExpressFly အနေနဲ့ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Air Cargo Service) လေးကို စတင်ခဲ့တာ အခုဆိုရင် ၃ နှစ်တာ သက်တမ်းနုလေး တစ်ခုကို အောင်မြင်စွာ ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်တာ ကာလတစ်လျှောက်လုံး ကျွန်တော်တို့ကို ယုံကြည်စိတ်ချစွာ ရွေးချယ်အားပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
"တနေရာတည်းမှာ အကုန်ရစေရမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ရန်ကုန်-ဘန်ကောက် / ဘန်ကောက်-ရန်ကုန် ခရီးစဉ်တွေအတွက် သင့်ရဲ့ ကုန်ပစ္စည်းတွေကို အမြန်ဆုံးနဲ့ အစိတ်ချရဆုံးဖြစ်အောင် ExpressFly မှ တာဝန်ယူ ပို့ဆောင်ပေးနေပါပြီ။
အစားအသောက်(အခြောက်အခြမ်း) ၊ အဝတ်အထည် စသင့် ကုန်ကျစ် ပစ္စည်းများကိုတော့ General Cargo အနေနဲ့ သတ်မှတ်ပြီး Weight (Kg) အတိုင်း 1kg မှ စပြီး 400 ဘတ်ဖြင့် ကောက်ခံပြီး ၊ ဆေး ၊ cosmetic နဲ့ Electronic (custom clearance လုပ်ရန်မလို )ကုန်ကျစ်ပစ္စည်းတွေဆိုရင်တော့ Weight (Kg) အတိုင်း 1kg မှ စပြီး 450 ဘတ်ဖြင့် ကောက်ခံပါတယ်ခဗျ။
iPhone / iPad / Osmo / GoPro / Camera / Laptop တို့လို fragile ပစ္စည်းဆိုရင် 3kg - အောက်ဆိုရင် 1,500thb ဖြစ်ပြီး ၊ 3kg အထက်ဆိုပါက 1kg - 500thb နဲ့ တွက်ပေးပါတယ်ခဗျ။
နာမည် ၊
ပစ္စည်းအမျိုးအစား ၊
ပစ္စည်း၏ အလေးချိန် (Kg) ၊
ပေးပို့လိုသည့် လိပ်စာ နှင့် ဖုန်းနံမှတ် ကို ကျနော်တို့ရဲ့ Page Messenger (သို့) Viber (သို့) Line မှာ ၂ရက် မှ ၃ရက်အတွင်း Confirm လုပ်ပေးရန်လိုအပ်ပါတယ်ခဗျာ။
ExpressFly Cargo ကို ရွေးချယ်အသုံးပြုပေးသော Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများကို လုံခြုံ၊ မြန်ဆန်၊ ယုံကြည်စိတ်ချစွာ ပို့ဆောင်ပေးနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို သတ်မှတ်ထားပါသည်။
📌 အထွေထွေ စည်းကမ်းချက်များ (General Rules)
အလေးချိန် တွက်ချက်ခြင်း: ပို့ဆောင်ခကို အမှန်တကယ် အလေးချိန် (Actual Weight) နှင့် ကုန်ပွ အလေးချိန် (Volumetric Weight) နှစ်ခုအနက် ပိုများသော အလေးချိန် (Chargeable Weight) ကို အခြေခံ၍ တွက်ချက်ကောက်ခံပါတယ်ခဗျာ။ ကုန်ပွ ပစ္စည်းများဖြစ်သော Shoes ဖိနပ်များ ၊ Blind Box ကဲ့သို့သော ဘူးပါသော ပစ္စည်းများကိုတော့ ၁ဘူးစီ (1box per) ကုန်ပွ နှုန်းအတိုင်း ကောက်ခံပါတယ်ခဗျာ။
ထုပ်ပိုးမှု နှင့် ပို့ဆောင်မှု: ကုန်ပစ္စည်းများကို ပျက်စီးမှုမရှိစေရန် ကျနော်တို့ ExpressFly မှာ လုံခြုံသေချာစွာ ပြန်လည်ထုပ်ပိုးပေးပါတယ်ခဗျာ။ ရန်ကုန်မြို့တွင်း နှင့် ဘန်ကောက်မြို့တွင်းဆိုရင်တော့ နေ့ချင်းအရောက်ဝန်ဆောင်မှုရှိတလို ၊ စာတိုက်ပို့ပေးခြင်း (Flash / Royal / Wepozt) တို့ဖြင့်လဲ တဆင့်ပြန်အပ်ပေးပါတယ်ခဗျာ။
စစ်ဆေးခွင့်: လုံခြုံရေးအရ လိုအပ်လာပါက ExpressFly Cargo မှ ပါဆယ်ထုပ်များကို ဖွင့်ဖောက်စစ်ဆေးခွင့်ရှိပါသည်။ စည်းကမ်းနှင့် မလွတ်ကင်းသော ပစ္စည်းများ ပါဝင်လာပါက ပစ္စည်းသိမ်းဆည်းခံရခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခံရခြင်းများကို ပစ္စည်းပို့ဆောင်သူဘက်မှသာ တာဝန်ယူဖြေရှင်းရမည် ဖြစ်ပါသည်။
"ဒီနေ့ပို့ မနက်ဖြန်ရောက် - တနေရာထဲမှာ အကုန်ရ"
🛫 ဘန်ကောက် မှ ရန်ကုန်သို့ (BKK to YGN)
April လ ၄ ရက်၊ ၂၄ ရက်၊ ၂၅ ရက်
🛬 ရန်ကုန် မှ ဘန်ကောက်သို့ (YGN to BKK)
April ၁ ရက်၊ ၆ ရက်၊ ၂၇ ရက်
📌 အထူးသတိပြုရန်: ဖော်ပြပါ Date များသည် ရုံးသို့ ပစ္စည်းရောက်ရှိရမည့် နေ့များဖြစ်ပါသည်။ ထို့ကြောင့် ခရီးစဉ်မတိုင်ခင် ၁ ရက်ကြိုတင်၍ ရုံးသို့ ပစ္စည်းအရောက်ပို့ပေးရန် လိုအပ်ပါသည်။